အမရပူရ သြဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ချေလျှော့ချရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၂) ၌ ကျင်းပပြုလုပ်သည်။
ပန်းချီးပြိုင်ပွဲကို “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ဘွဲ့ကြိုသင်တန်း၊ ဒီပလိုမာသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများသည် စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)