မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်​ကျေးရွာအုပ်စုတွင် ​ကျေးရွာချင်းဆက်လမ်း​ပေါ်၌ တံတားတစ်စင်း ပျက်စီးမှုဖြစ်ပွား

မိုင်းဖြတ် သြဂုတ် ၂၅

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ ၂၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းဝီးစေတီ - နမ့်ဖက်ကျေးရွာချင်းဆက်လမ်း​ပေါ်ရှိ Box Culvert ၁စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွား​ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၂၄ ရက် ည​နေပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခြင်း​ကြောင့် နမ့်ဖက်ချောင်းရေတိုက်စားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံဖြိုးရေး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၁၃.၉၆၁)သန်းဖြင့်ဆောင်ရွက်သည့် ၁၀​ပေ Box Culvert တံတား ၁ စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွား​ကြောင်း သိရသည်။ အဆိုပါတံတားပျက်စီးမှု​ကြောင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ​ကျေးရွာ​နေပြည်သူများ ဖြတ်သန်းသွားလာနိုင်​ရေးအတွက် ယာယီဝါးတံတား  ဆောင်ရွက်ထားရှိ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)