ကလောမြို့၌သမာဓိအကျိုးဆောင်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ကလော ဩဂုတ်၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက သမာဓိ အကျိုးဆောင်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမ ဝါယမအသင်း(လီမိတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၈၆၆ ဦးစာရင်းရှိပြီ  ၄၃၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သမာဓိအကျိုးဆောင်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးမဝါယမအသင်း(လီမိတက်) သဘာပတိအသင်းဥက္ကဋ္ဌ ဦးထွန်းဝေနှင့်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အသင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ထို့နောက် အသင်း၏တာဝန်ရှိသူများက သမာဓိအကျိုးဆောင်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊အသင်း စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိအသင်းဥက္ကဋ္ဌ ဦးထွန်းဝေကအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့်နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်း တို့အပေါ်အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြု ကြေညာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)