ဇမ္ဗူသီရိ ဩဂုတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘောဂသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၈၃၁၊ ၈၃၂၊ ၈၃၈၊ ၈၃၉၊ ၈၄၀ တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာသို့ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ရေဘေးသင့် အခန်း (၁၂)ခန်းရှိ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းခြင်း၊ အန္တရာယ်ရှိသော မီးကြိုး၊ သစ်ကိုင်းများ ဖယ်ရှားခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)