သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး၀န်ကြီးချုပ် လှည့်လည်ကြည့်ရှု

ချမ်းမြသာစည် ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ လေယာဉ်ကွင်းအဟောင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်မျိုးနိုင်နှင့်အတူ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ ၊စည်ပင်သာယာ‌ရေး၀န်ထမ်းများ၊ မြို့နယ်မီးသတ်မှ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများက ကွင်းဟောင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်းများနှင့်‌ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြ‌‌ကြောင်း သိရှိရသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့