တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် တရုတ်စကားပြော စွမ်းရည်ပြိုင်ပွဲကျင်းပ

တပ်ကုန်း ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တရုတ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာဦးအောင်ပြည့်ဖြိုးဦးစီးသော MMKM Chinese Language Center တို့ ပူးပေါင်းဖွင့်လှစ်သည့် တရုတ်စကားပြောသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ ပါဝင်ယှဉ်ပြိုင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်၊ ဆရာဦးအောင်ပြည့်ဖြိုးတို့က အမှတ်ပေးဒိုင်အဖြစ်ဆောင်ရွက်၍ တရုတ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဩဂုတ်၂၅ ရက်နေ့ တရုတ်စကားပြော သင်တန်းဆင်းပွဲတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ပြိုင်ပွဲဝင်သည့် သင်တန်းသား၊ သင်တန်းသူများက လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်