ရိခေါ်ဒါရ် နိုဝင်ဘာလ ၂၀
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား သုံးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် နိုဝင်ဘာ ၁၉ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့် ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ လက်ပံချောင်းကျေးရွာ၌ နေထိုင်သူများဖြစ်ကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူများ ဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူများအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ သုံးဦးတို့သည် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်းရှိ Facility Quarantine Center ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌အသွားအလာစောင့်ကြည့်ထားရှိသူ ၁၃ ဦး ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)