မံစီမြို့နယ်အတွင်းရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်စေရေး အတွက် အသိပညာပေးနှိုးဆော်

မံစီ နိုဝင်ဘာ ၂၀

ကချင်ပြည်နယ်ဗန်းမော်ခရိုင်မံစီမြို့နယ်အတွင်းရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်စေရေး အတွက် ယနေ့နံနက် နာရီက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပြီး အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မံစီမြို့မစျေး အတွင်းအပြင်နှင့် မြို့တွင်းလမ်းဆုံများ၌ ပြုလုပ်ခဲ့ကြပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော် ဦးဆောင်သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ရမည် ဖြစ်သည့်အတွက်  မြို့နယ်အတွင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ လုပ်ငန်းများကို အကြိမ်ကြိမ်ဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေး အရေးယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင်လည်း ပြည်သူများမေ့လျော့မှု မရှိစေရန်အတွက် ထပ်မံအသိပညာပေး နိုးဆော်ခြင်း ဖြစ်ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)