တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

တံတားဦး ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသော “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ၊ကောင်းစွဦပြောဆိုနိုင်ပါစေ ဆိုသည့်စကားအတိုင်း လူတိုင်း နေ့စဉ်စကားပြောနေကြပါကြောင်း၊ စကားပြောခြင်းသည် လူတစ်ဦးနှင့် တစ်ဦးဆက်ဆံရာတွင် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆက်သွယ်သည့်နည်းဖြစ်ကြောင်း အသုံးများဆုံးသော ဆက်သွယ်နည်းဖြစ်ကြောင်း၊ လူတို့သည် မနက်အိပ်ရာထချိန်မှ ညအိပ်ရာဝင်သည့် အချိန်အထိ အကောင်းအမျိုးမျိုးနှင့် စပ်လျဉ်း၍ စကားအမျိုးမျိုးကို ပြောဆိုနေကြပါကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် “နှုတ်ကတိ”နှင့် “လူကြီးနှင့်စကားပြောလျှင် “ စသည့် အကြောင်းအရာများကို လည်းကောင်း ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဦးမျိုးမြင့်က “ စကားတတ်နှင့် စကားကပ် ”၊ “ နေရာသိ၍ ပြောဆိုပါ “နှင့် “ မလိုအပ်သောဆိုစကား” စသည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်စာအုပ်စာစောင်ချစ်နိုးသူများ အသင်းဝင်များ၊ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့် (ပြန်/ဆက်)