ပင်းတယ ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်များက စာရေးဆရာဗန်းမော်တင်အောင်ရေးသားသည့် “ အညတြ ” စာအုပ်ပါအကြောင်းအရာများအနက်မှ “ အညတြကြက်တောနှင့်စာရေးသူ”၊ “ သာကေတရွာကလေး၌ ကြက်တောအားမွေးဖွားခြင်း”နှင့် " သာကေတ၏ ငိုချင်းရှည်" အကြောင်းအရာများကိုဖတ်ရှုခဲ့ကြကာ၊ အဆိုပါစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ယခုစာအုပ်အနေဖြင့် လူငယ်လူရွယ်များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) အနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် ပင်းတယမြို့လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြိုင်ပွဲနှင့် ပြပွဲများ၊ စာဖတ်ဝိုင်းတို့ကို ပြုလုပ်ပေးခြင်းနှင့် onlineမှတစ်ဆင့် အသိပညာပေး Talk Show စသည့်လုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)