ရွှေပြည်သာ ဩဂုတ် ၂၃
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(BookClub)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက Community Centre ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးနိုင်တို့က မုဒိတာစကားပြောကြားပြီး BookClub အဖွဲ့ဝင်များက ဒေါက်တာခင်မောင်ညိုရေးသားထားသော လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်အားဖတ်ကြားခဲ့သည်။
ဆက်လက်သော BookClub အဖွဲ့ဝင်များလူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်နှင့် ပတ်သက်၍ ဆွေးနွေးသုံးသပ်အကြံပြုကြကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)