ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဩဂုတ် ၂၃

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့် ဉာဏ်ဏစွမ်းရည် မြှင့်မား‌စေရေးအတွက် ယမန်နေ့က အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာ‌‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှုက  ကျောင်းသားလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ စိတ်ကိုပြောင်းလဲ‌ စေသောဆေးများ၏အဓိပ္ပာယ်၊ စွဲလမ်းစေတတ်သော ဆေးဝါးများနှင့် အရက်သောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ စသောအချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ပိုင်ကျုံနယ်မြေ ရဲစခန်းမှ ဒု-ရဲအုပ် သိန်းလှိုင်ဝင်းက  ကျောင်းသားလူငယ်များသည် မူးယစ်ဆေးဝါးနှင့် မသက်ဆိုင်ကြောင်း၊ မည်သည့်မူးယစ်ဆေးဝါးကိုမဆို လူငယ်များအတွက် အန္တရာယ်ရှိကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန် လိုအပ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပိုင်ကျုံမြို့ သစ်တောဦးစီးဌာနမှ တောခေါင်းဦးစောသန်းအောင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထိုအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထား‌သော မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း  သိရသည်။

နော်ခူး(ပြန်/ဆက်)