ပျော်ဘွယ် ဩဂုတ် ၂၃
ပျော်ဘွယ်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှ ဦးဆောင်၍ (၂၀၂၄) ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ညောင်ရွှေကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာ ကျေးရွာပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က သန်းခေါင်စာရင်း ကောက်ယူသူများ လာရောက်ပြီး မေးမြန်းဆွေးနွေးချက်များကို ကြည်ဖြူစွာ ပြန်လည်ဖြေကြားပေးနိုင်ရေး၊ အချက်အလက်များ မှန်ကန်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးဆောင်က သန်းခေါင်စာရင်း ကောက်ယူမည့်နေ့ရက်၊ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သန်းခေါင်စာရင်းကောက်ယူရေး အသိညာပေး လက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပြန်/ဆက်)