တန့်ယန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

တန့်ယန်း သြဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့် ခံတွင်းဆရာဝန် ဒေါက်တာစိုးသန်းထိုက်နှင့် ဆရာဝန်၊ ဆရာမများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကို စစ်ဆေး ဆောင်ရွက်ပေးရာ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူအောင်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)