ကျိုင်းတုံတက္ကသိုလ်၌ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်ပညာပေး ဟောပြောပွဲကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၏ (၂၀၂၃-၂၀၂၄) နှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင်   ဥပဒေဆိုင်ရာ အခြေခံအသိအမြင်ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာ ဉာဏ်ထွန်းက အမှာစကားပြောကြားပြီး ဥပဒပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ‌ဒေါက်တာ မွန်မွန်ကျော်နှင့် တွဲဖက်ပါမောက္ခ ဒေါ်စုစုငယ်တို့က ဥပဒေ၏ အခြေခံသ‌ဘောတရားများနှင့် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေအကြောင်း သိကောင်းစရာများကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)