အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

အလုံ သြဂုတ်လ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  အ-မ-က() အလုံ၌  ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို  ယနေ့ နံနက် ၉ နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး​မှ ရာသီတုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍  ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ  တိုင်းရင်းဆေးနှင့်ပတ်သတ်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ ကျောင်းသား၊ကျောင်းသူများအား တိုင်းရင်းဆေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)