ထားဝယ် ဩဂုတ် ၂၃
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာတွင် လက်တူးတွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၅)မိုင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် အိမ်သွယ်ရေတိုင်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇော်လတ်နှင့် အင်ဂျင်နီယာဝန်ထမ်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးက ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားပြီး ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိအိမ်ခြေ (၁၇၈) ခု၊ လူဦးရေ (၉၉၃)ဦး တို့အတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)