မိုင်းစံ ဩဂုတ် ၂၃
ရှမ်းပြည်နယ်( တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း စကားဝါဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က မိုးရာသီကာလတွင်ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ ခြင်မှကူးစက်တတ်သည့် ရောဂါများအကြောင်း၊ မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန်အတွက် အစာအာဟာရများကို သင့်တင့်မျှတအောင်စားသုံးသင့်သည့် အစားအစာများအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးကောင်းမွန်ပြီး အတန်းပညာများကို ကောင်းမွန်စွာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်မိမိတို့၏ တစ်ကိုယ်ရည်သန့်ရှင့်ရေးများ အထူးဂရုပြုရန်လိုအပ်ကြောင်း ဟောပြောခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)