လှိုင်းဘွဲ သြဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဒေသအတွင်း စွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လမ်းမီရရှိရေးစီမံချက် အာဟာရဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့်စီမံချက်များကို ရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက မိခင်များအနေဖြင့် မိမိကလေးကျန်းမာစေရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ ကလေးငယ်များမွေးပြီး ပထမ(၆)လအတွင်း မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးခြင်း၊ ကလေးငယ်များ အသက်အရွယ်အပိုင်းအခြားအလိုက် ဖြည့်စွက်စားသုံးရမည့်အစားအစာများ၊ ကလေးငယ်များ အာဟာရပြည့်ဝစွာရရှိစေရေးအတွက် ဆောင်ရွက်မည့်စီမံချက်များအား အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကေခိုင်နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်း မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်း ဆောင်ရွက်နေသည့်လုပ်ငန်းများအား အသိပညာပေးပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်