မောက်မယ် သြဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့ညက တစ်ညလုံးမိုးရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေတက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်းက ရေများဝင်ရောက်ကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ လူနေအိမ် ၄၅ အိမ်ရေနစ်မြုပ်နေသည့် ပြည်သူများအား ထမင်းထုပ်များနှင့် သောက်ရေသန့်များ သွားရောက်ပေးဝေကာ လူနှင့်တိရိစ္ဆာန်များ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်း လူနေအိမ်၊ လမ်းများ၊ တံတားများ ပျက်စီးဆုံးရှုံးမှုများမရှိကြောင်း ယနေ့နေ့လယ်ပိုင်းခန့်တွင် ရေများပြန်လည်ကျသွားခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)