မောက်မယ် သြဂုတ် ၂၂
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အာဟာရဖွံ့ဖြိုးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ (စျေးတန်း)၌ ကျောင်းသား/ကျောင်းသူများအား ကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ “ကျန်းမာပျော်ရွှင်ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများအား ကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)