ကော့မှူး ဩဂုတ် ၂၂
အနာဂတ်ကလေးငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားဆက်ပြိုင်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုမြှင့်မားလာစေရန်၊ အစုအဖွဲ့များဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် အသိပညာဗဟုသုတနှင့် ပြည့်စုံသောလူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ သုတ/ရသစာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)