မိုင်းကိုင် ဩဂုတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာအကြောင်းအရာများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အ.ထ.က (မြတ်သီရိခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဆိုင်ရာအကြောင်းအရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးက ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပခြင်း၊ လွတ်တော်ရွေးကောက်ပွဲဥပဒေအချက်အလက်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာဆရာမများနှင့် Grade-11 , Grade-12 ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)