ဟားခါး အောက်တိုဘာ ၂၀
ချင်းပြည်နယ် ဟားခါးမြို့ Case-66020 နှင့်ထိတွေ့သူ G.T.I Facility Quarantine ဝင်ရောက်နေသည့် အသက်(၂၂)နှစ် အမျိုးသမီး(၁)ဦးကို Swab နမူနာ ဒုတိယအကြိမ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ဖြစ်ပွားသည်ဟု သံသယရှိသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် တိုင်းရင်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေကြောင်း သိရှိရသည်။
အဆိုပါ အသက်(၂၂)နှစ် အမျိုးသမီးသည် Case-66020 နှင့်အတူ ၃.၁၁.၂၀၂၀ ရက်နေ့တွင် ရန်ကုန်မှ အတူပြန်လာကြပြီးနောက် ၄.၁၁.၂၀၂၀ ရက်နေ့တွင် ဟားခါးမြို့အဝင် ဂန့်ဂေါလမ်း စစ်ဆေးရေးဂိတ်သို့ရောက်ရှိလာပြီး G.T.I Facility Quarantine တွင် ဝင်ရောက်ခဲ့ကြကြောင်း၊ Facility Quarantine ဝင်ရောက်နေစဉ်အတွင်း Swab ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် Case-66020 ကို တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှုခံယူစေပြီးနောက် အဆိုပါ Case-66020 နှင့်ထိတွေ့သူမှာ ပထမအကြိမ် စစ်ဆေးရာတွင် Negative အဖြေရရှိခဲ့သော်လည်း ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ဖြစ်ပွားသည်ဟု သံသယရှိသောကြောင့် တိုင်းရင်းဆေးရုံ သို့ သီးသန့်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ လူနာ၏ Swab အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင် ဓာတ်ခွဲနမူနာ ပစ္စည်းများကို မန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ၂၀.၁၁.၂၀၂၀ ရက်နေ့တွင် ပေးပို့ထားကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)