မတူပီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး မြှင့်တင်ခြင်းနှင့် Mask Campaign ဆောင်ရွက်

မတူပီ            နိုဝင်ဘာ        ၂၀

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီ မြို့နယ်အတွင်းရှိ‌ လူသွားလာမှု များပြားသည့် လမ်းဆုံလမ်းခွများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် ဈေးသည်များ၊ လူသွားလာဖြတ်သန်းမှုများသည့် လမ်းမများတွင်ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များ၊ ကျန်းမာရေးအသိပညာပေး လမ်းသွား လာပြည်သူများနှင့် ဈေးသည်များအား ကျန်းမာရေး ဦးစီးဌာန၏ညွှန်ကြားချက်များ သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေးပြောကြားသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ် အဆင့်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာသစ်လွင်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်လျက် Mask (၃၀၀၀)ခု၊ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)