ကျောက်တန်း ဇန်နဝါရီ ၈
ကျောက်တန်းမြို့ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့ (CVD) နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက် (၇၀) ကျော် အဘိုးအဘွားများအား အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် (၇) နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုများတွင် ကျောက်တန်းမြို့နယ်အတွင်းမှ အဘိုး (၁၀၃) ဦးနှင့် အဘွား (၁၂၈) ဦးအား ကိုယ်အလေးချိန် စစ်ဆေးပေးခြင်း၊ သွေးပေါင်တိုင်းခြင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းနှင့် လိုအပ်သည့် ဆေးထိုးဆေးတိုက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)