ကန်ပက်လက်မြို့၌ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များမှ mask & face shield campaign ပြုလုပ်

ကန်ပက်လက် နိုဝင်ဘာ ၂၀

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များမှ mask & face shield campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် ကန်ပက်လက်မြို့ပေါ်ရှိ လူသွားလူလာများပြားသည့် နေရာများတွင် ပြုလုပ်ခဲ့ကြသည်။

ကန်ပက်လက်မြို့ပေါ်တွင် mask တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို မကြာခဏမြင်တွေ့နေရသည် သာမကဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာမှု အားနည်းနေသည်ကို တွေ့ရှိနေရသဖြင့် mask & face shield campaign  ပြုလုပ်၍ ကျန်းမာရေးအသိများ ပိုမိုရရှိစေရန် ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ mask & face shield campaign ကို ကန်ပက်လက်မြို့နယ် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊  မိခင်ကလေးအသင်းဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ KMSS ဝန်ထမ်းများနှင့် Volunteer အဖွဲ့များမှ ပူးပေါင်း၍ အဖွဲ့()ဖွဲ့ခွဲကာ ကန်ပက်လက်မြို့ပေါ်ရှိ လူအများဝင်ထွက် သွားလာတတ်သည့် နေရာများ၌ ပြုလုပ်ကြခြင်း ဖြစ်ကြောင်းနှင့်  mask (၇၅၀)ခု၊ face shield (၁၀၀)ခုနှင့် အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)တို့ကို ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)