တပ်ကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် MMKM Chinese Language Center တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ MMKM Chinese Language Center မှ ဆရာဦးအောင်ပြည့်ဖြိုး၊ သင်တန်းသား၊ သင်တန်းသူများဖြစ်ကြသည့် ကိုနေမင်းဦး၊ မသိမ့်ဒီပါ၊ မအိမြတ်မွန်တို့က ဘာသာစကားရဲ့အရေးပါမှု၊ ဘာသာစကားကျွမ်းကျင်မှုနှင့်အတူ ရရှိလာမည့်အခွင့်အရေးများ၊ ဘာသာစကားသင်ကြားမှုကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဘာသာစကားလေ့လာရာတွင် တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေကို အောင်မြင်ဖို့ ဘယ်လိုကျော်ဖြတ်မလဲ ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ဦးအောင်ပြည့်ဖြိုး၊ ကိုနေမင်းဦး၊ မသိမ့်ဒီပါ၊ မအိမြတ်မွန်တို့အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။            

တင်စိုးလွင်