လယ်ဝေး သြဂုတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူဝင့်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-10 မှ မစုစုပိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 မှ မောင်ထူးခန့်ကျော်က လူငယ်နှင့်နည်းပညာ၊ Grade-7 မှ မဖြူစင်ကြယ်က လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မယမုံစိုးချစ်က လူငယ်နှင့်ယဥ်ကျေးမှု စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ မေးခွန်းများအား ပြန်လည်းရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)