လှိုင်းဘွဲ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်/သံဃာတော်များထံ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒခံယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌ ဦးအုန်းတင်က နှစ်စဉ် ဝါခေါင်လ ရောက်တိုင်း ကရင်တိုင်းရင်းသား လူမျိုးများ၏ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကရင်တိုင်းရင်းသား အားလုံးအနေဖြင့် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ကရင်လူငယ်(၂)ဦးက ဖတ်ကြားခြင်း၊ လိပ်ပြာမောင်နှံ(၇)ဖော်အား ဖိတ်ခေါ်ခြင်းနှင့် ချည်ဖြူဖွဲ့ မင်္ဂလာပွဲအား စတင်ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကရင်တိုင်းရင်းသား လူငယ်လေးများက “အှ်ဃှူ့အှ်ဃှင်” သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)