တွန်းဇံ နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မိခင်ဝိုင်းများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီးခါးမြို့ရှိ မိခင်းဝိုင်း(၅)ဝိုင်းအတွက် သင်ထောက်ကူပစ္စည်းများ ထုတ်ပေးလျက်ရှိသည်။
မိခင်ဝိုင်းများအတွင် မိခင်ဝိုင်းတစ်ဝိုင်းလျှင် ဘောလုံးသေး(၅၀)လုံး၊ စက်ဘီးအရုပ်တွဲ(၁)ခု၊ အိမ်ဆောက်ပစ္စည်း (Block)(၁)ခု၊ မီးဖိုချောင်သုံး ကစားစရာထုပ်(၁)ထုပ်၊ စတီးဇွန်း(၂)ဒါဇင်၊ ဖော့ဖျာ(၁)ခု၊ ခေါင်းအုံး(၂၀)လုံး၊ ပေါင်ချိန်စက်(၁)လုံး၊ အမှိုက်ပုံး (၁)ခုနှင့် သင်ထောက်ကူပစ္စည်း (က,ခ၊ A,B,C၊ အရောင်များပိုစတာ၊ ကစားစရာ ရေခွက်/ပကန်ထုပ်)များကို ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)