ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)နှင့် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များရှိ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များနှင့် စာကြည့်တိုက်မှတ်ပုံတင် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဦးဘိုကြည် (ဒေါက်တာဗိုလ္သံမဏိ-တောင်တွင်းကြီး)က မြို့နယ်များတွင် စာကြည့်တိုက်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ရုံးအဖွဲ့မှူး ဦးဝင်းသိန်း၊ အင်းစိန်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမြင့်ဇော်တို့က မြို့နယ်များအတွင်း စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံပေးသော ငွေများဖြင့် စာကြည့်တိုက်အသစ်များ တိုးချဲ့တည်ဆောက်နေမှုနှင့် ကျောင်းစာကြည့်တိုက်များ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)က ပြန်လည်ဆွေးနွေးပြောကြား၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ စာကြည့်တိုက်မှတ်ပုံတင်ကြသော အင်းစိန်မြို့နယ်မှ မာရဝိဇယစာကြည့်တိုက်၊ ဖိုးရာဇာစာကြည့်တိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်မှ ပညာတံခွန်စာကြည့်တိုက်များကို တာဝန်ရှိသူများက စာကြည့်တိုက် မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)