ရှမ်းပြည်နယ်(အရှေ့ပိုင်း)သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲ ကျင်းပ

ကျိုင်းတုံ ဩဂုတ် ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သန်းခေါင်းစာရင်းကော်မတီလုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲအား ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံမြို့)၌ ကျင်းပ သည်။

တွေ့ဆုံရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင်-၃ ဦးလုကာက အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြတ်သာက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီအသီးသီး၏ ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ် သန်းခေါင်းစာရင်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရာ တာဝန်ရှိသူများက  လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)