မိုင်းရှူး သြဂုတ် ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့၊ ရတနာမြေ (တောင်ပေါ်) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာအခြေခံအသိအမြင်များ ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ဝမ်ကန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုးက ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဟောပြောပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဝိုခမ်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဉပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒရှင်တစ်ဦးသိမှတ်ဖွယ်ရာဖြစ်သော မဲဆန္ဒရှင်တစ်ဦးလုပ်ဆောင်ရန်အချက်များ၊ ရှောင်ရန်အချက်များ၊ မှတ်သားရန်အချက်များအကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ၊ G-11 နှင့် G-12 မှ ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သန်းလူ (ပြန်/ဆက်)