မိုင်းနောင် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းမီးက စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြီး ကျောင်းသားကျောင်းသူများအလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိစေရန်အတွက် မိမိတို့စိတ်ပါဝင်စားသောစာအုပ်၊ စာစောင်များကို ရွေးချယ်ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် ကျောင်းသား၊ ကျောင်းသူများအားလုံးစာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်စွမ်းရည်များတိုးတက်လာစေရန်၊ စာအုပ်၊ စာစောင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးတတ်စေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပုံပြင်ဖတ်ပြခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ခြင်း၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးကြောင်းသိရှိရသည်။
မနန်း(မိုင်းနောင်)