မိုင်းပန် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်းတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ၂ဝ၂ဝပြည့်နှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရုံးပိတ်ရက် (၁၅) ရက် အတွက် နေ့တွက်စားရိတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
၂ဝ၂ဝရွေးကောက်ပွဲကျင်းပရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအနေဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအဖြစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ၂ဝ၁၉ ခုနှစ် ဇွန်လမှစတင်၍ အခြေခံလူဦးရေ အချက်အလက်စာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ပိုမိုပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည့် လုံခြုံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသောကြောင့် ပထမအကြိမ်အဖြစ် ဩဂုတ်လနှင့် စက်တင်ဘာလ အတွင်း ရုံးပိတ်ရက်(၁၉) ရက်အပါအဝင် တစ်ရက်လျှင် ငွေကျပ် (၄၈ဝဝ) နှုန်းဖြင့် ဝန်ထမ်း (၁၄) ဦးအတွက် စုစုပေါင်းငွေကျပ် (၁၂၇၆၈ဝဝ) ကျပ်အား စက်တင်ဘာလ (၂၁) ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ဒုတိယအကြိမ်အဖြစ် တစ်ရက်လျှင် ငွေကျပ် (၄၈ဝဝ) နှုန်းဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရုံးပိတ်ရက် (၁၅) ရက်အတွက် တစ်ဦးလျှင် ငွေကျပ် (၇၂ဝဝဝ)ကျပ်အား ဝန်ထမ်း(၁၄)ဦး အတွက် နေ့တွက်စားရိတ်ငွေစုစုပေါင်း (၁ဝဝ၈ဝဝဝ) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းနှင့် မြို့နယ်ဒုတိယဦးစီးမှူးတို့မှ ဝန်ထမ်းများလက်ဝယ်သို့ ယနေ့ နေ့လည် (၁) နာရီ အချိန်က ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)