အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

 ရွှေပြည်သာ ဩဂုတ် ၁၅

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များဖြစ်သော လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များပြင်ပဗဟုသုတများရရှိစေရန်၊ အနာဂတ်တွင်ထူးချွန်ထက်မြက်သော လူရည်ချွန်များဖြစ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားကာ အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)မှ ကျောင်းအုပ်ကြီးဒေါက်တာမျိုးမင်းသန့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ခင်နှင်းကြည်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ‌မှ ကထိကဒေါ်‌ကျော့ကျော့ခိုင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံမှ‌ ကျောင်းသား/သူ(၆)ဦးကလူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်‌ဆေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဥ်ကျေးမှု၊လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာပေ ခေါင်းစဥ်များဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည့်မေးခွန်းများကိုလည်း ပြန်လည်ဖြေကြား‌ဆွေးနွေးခဲ့သည်။

လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

 နေမျိုးထွန်း(ပြန်/ဆက်)