ကျိုင်းတုံမြို့၌ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေး

ကျိုင်းတုံ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံကြီးတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။

ထိုသို့ ကျန်းမာရေးဝန်ထမ်းများက ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးရာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စည်သူအောင်၊ ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)