ဖားကန့် ဇန်နဝါရီ ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဖားပြင်ကျေးရွာ အ-ထ-ကခွဲကျောင်း၌ ကျောက်မျက်ကုမ္ပဏီများ၏ လှူဒါန်းမှုဖြင့် ၂၄ ပေ × ၃၀ ပေ အခန်း(၈)ခန်းပါ RC နှစ်ထပ် ကျောင်းဆောင်သစ်အား ယမန့်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်အား ရတနာဆင်သီရိ၊ ရတနာရွှေရည်ဝင်းနှင့် မျိုးနွယ် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတို့မှ တည်ဆောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ကျောင်းဆောင်သစ်အပေါ်ထပ်တွင် ရုံးခန်း၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်ခန်းနှင့် ဘာသာ ပေါင်းစုံဘုရားခန်းတို့ပါဝင်ပြီး အောက်ထပ်တွင် စာသင်ခန်း(၄) ခန်းတို့ ပါဝင်သည်။
အဆိုပါ ကျောင်းဆောင်သစ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ နယ်မြေခံ တပ်မမှူး ဇော်မျိုးဝင်း၊ ရဲမှူးကြီး သန်းထိုက်စိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နီလာဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)