မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေး ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှစီစဉ် ဆောင်ရွက်မှုဖြင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ(Impromptu Talk) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)ရှိ သီရိ ရတနာခန်းမ၌ကျင်းပရာပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ စီမံအရာရှိများ၊ ကြီးကြပ်သူများနှင့် ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၂ ခုမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အင်္ဂလိပ်ဘာသာဌာနမှ တွဲဖက်ပါမောက္ခ(ဌာနမှူး) ဦးအောင်ထူးက အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ (Impromptu Talk)နှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရရှိသူများကို ဩဂုတ် ၁၂ ရက်နေ့ မြို့တော်ခန်းမ၌ကျင်းပမည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်