မရမ်းကုန်း ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်ဖြစ်သော ရည်ညွှန်း စာကြည့်တိုက်အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်မိုးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်းလင်းပြောကြားခြင်း၊ မရမ်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးရဲနောင်ချစ်က စံညီစာကြည့်တိုက်ဖြစ်သည့် ရည်ညွှန်းစာကြည့်တိုက် ပိုမိုရှင်သန်ဖွံ့ဖြိုးရေးနှင့်ပက်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်ပြီး ဒုတိယဦးစီးမှူးက စာကြည့်တိုက်တွင် စာအုပ်များစုဆောင်းထားရှိမှု၊ စာပြုလုပ်ငန်းများ၊ စာစုလုပ်ငန်းများ၊ ထိန်းသိမ်းမှုများအကြောင်းကို လက်တွေ့ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)