မဟာအောင်မြေ ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၊ အင်းဝ(၂၇)ခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ ကျင်းပနေမှုကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် (ဌာနမှူး)သင်တန်းရေးရာ ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မန္တလေးတက္ကသိုလ်၌ စာကြည့်တိုက်ဖွံ့ဖြိုးများ တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာဖတ်ဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဇူလိုင်လ (၃၁)ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းနှင့် သြဂုတ်လ( ၆) ရက်နေ့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မန္တလေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း