တံတားဦး ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် (၂၅)ကြိမ်မြောက် အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ကိုလင်းက (၂၅)ကြိမ်မြေက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့်အညီ ပြိုင်ပွဲ၏ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများနှင့် ပတ်သက်ပြီး ယခင်ကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ညှိနှိုင်းဆောင်ရွက်မှုများလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုသည့် စဟကားရပ်ကို အထူးပြုပြီး ကျင်းပသော ပြိုင်ပွဲဖြစ်ခြင်းကြောင့် စနစ်တကျ အောင်အောင်မြင်မြင်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံပါကြောင်း (၂၅)ကြိမ်မြောက် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တံတားဦးခရိုင်၏ (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီများမှ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းလုပ်ငန်းဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်း ဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းဆပ်ကော်မတီ၊ ဧည်ခံကျွေးမွေးရေးလုပ်ငန်းဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကောမတီဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ၊ လုံခြုံရေးလုပ်ငန်းဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆပ်ကော်မတီ စသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းကော်မတီများ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးညှိနှိုင်ပြီး နိဂုံးချုပ်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)