ညောင်ဦး ဇူလိုင် ၂၇
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရားဈေးတန်းများတွင် ရောင်းချလျက်ရှိသော ဒေသထွက်အမှတ်တရပစ္စည်းဆိုင်များ စနစ်တကျရှိစေရေး ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက် ၁၀ နာရီက ငှက်ပစ်တောင်မြတ်စွာဘုရားနှင့် တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ဂေါပကအဖွဲ့များ၊ ဈေးသည်များနှင့် တွေ့ဆုံကာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငှက်ပစ်တောင်မြတ်စွာဘုရားဂေါပကရုံး၌ ဂေါပကအဖွဲ့ဝင်များ၊ ဈေးသည်များနှင့် တွေ့ဆုံပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်ဌေးအောင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးအေးနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာဝင်းတို့က ဒေသထွက်ပစ္စည်းများ စနစ်တကျထုပ်ပိုးရောင်းချရေး၊ သန့်ရှင်းသာယာလှပရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ဂေါပကရုံး၌ ဂေါပကအဖွဲ့ဝင်များ၊ ဈေးသည်များနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇော် (ဓာတု)