မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မင်္ဂလာဒုံ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွှန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်မောင်မောင်ဦးက ယခင်အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၄/၂၀၂၄) ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြပြီးနောက ကော်မတီအတွင်းရေးမှူး ဦးနွေမိုးငြိမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဒုရဲမှူးမင်းဇော်ဦးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက ယခင်အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အထွေထွေဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း