မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် နိူးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းအဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ထောက်ကြန့်) ရှိ ရေတွင်း/ရေကန်များအား ဆေးခပ်ခြင်း၊ ကလိုရိန်းဆေးများ ပေးအပ်ခဲ့ပြီး အနန္တဂုဏ်ရည် သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင်လည်း သောက်ရေကန်/သုံးရေကန်များ၌ ကာကွယ်ဆေးခပ်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း