မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရာတွင် အသုံးပြုရန် ဓာတ်ဆားထုပ်များ လှူဒါန်း

ရန်ကုန် ဇူလိုင် ၂၆

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရာတွင် အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  ဓာတ်ဆားထုပ်များလှူဒါန်းခြင်းကို ဇူလိုင်လ (၂၅)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှူဒါန်းရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တင်တင်လေးက ဓာတ်ဆားထုပ် (၈၃,၀၀၀)ထုပ်ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းတင်မောင်ရှိန်က လက်ခံခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ အသင်းဒုတိယဥက္ကဋ္ဌနှင့်အတူ ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏထွန်းဦးတို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူးနှင့်အတူ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)