ညောင်ဦး ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် တောင်ဘကျေးရွာရှိ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၁၁ နာရီက ကြက်သားဆန်ပြုတ် အာဟာရတိုက်ကျွေးခဲ့ကြသည်။
အဆိုပါအာဟာရတိုက်ကျွေးခြင်းအခမ်းအနားသို့ ညောင်ဦးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်၊ ခရိုင်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အသင်းဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက တောင်ဘကျေးရွာ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား ကြက်သားဆန်ပြုတ် အာဟာရတိုက်ကျွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါမူလတန်းကျောင်းမှာ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားသည့် မူကြိုကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း