ကော့သောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဒီရေတောသစ်ပင်စိုက်ပျိုးကျင်းပ

ကော့သောင်း ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ (၂၂)မိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မလိဝမ်းကျေးရွာမှ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ/ရွာသားများ  စုစုပေါင်း(၄၇)ဦး တက်ရောက်ပြီး ဗြူးခြေထောက် (၁၀၀၀)ပင်၊ အုန်းပင်(၁၅)ပင်၊ စုစုပေါင်း (၁၀၁၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)