မက်မန်းမြို့နယ်၌ လူကုန်ကူးမှုတားစီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်

မက်မန်း ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ မောင်းနှင်နိုင်စေရေး အသိပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မက်မန်း-မိုင်းပျဉ်း အမြန်လမ်းမပေါ်ရှိ ဆွတ်ဝိုးဂိတ်တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် ဦးဆောင်၍ မက်မန်း-မိုင်းပျဉ်းအမြန်လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင်ကုန်ပစ္စည်းများအား လျှို့ဝှက်သယ်ဆောင်လာခြင်း ရှိ/မရှိ၊ ရှောင်တခင်ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှုလျော့နည်းကျဆင်းပပျောက်စေရေးအတွက် ယာဉ်မောင်းသူများအား လိုက်နာရမည့် စည်းကမ်းချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)